by, Rawt Sa (facebook)
“မြေမြို၍ လူမျိုးမပျောက်၊ လူမြို၍သာ လူမျိုးပျောက်သည်” ဟူသော စကားရှိပါသည်။ လူမျိုးတစ်မျိုးက အခြား လူမျိုးတစ်မျိုးကို ၀ါးမျိုသွားသည်ဟု ဆိုရာ၌ __ လူမျိုးတစ်မျိုး၏ ဘာသာစကား၊ ယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းအစဉ်အလာများသာမက ထိုလူမျိုး၏ အမျိုးသားလက္ခဏာများကိုပါ အခြားလူမျိုးတစ်မျိုးက ၀ါးမျိုလွှမ်းမိုးခြင်းကို ဆိုလိုပါသည်။ ထို့ကြောင့် မဟာလူမျိုးကြီးဝါဒီများက အခြားလူမျိုးများကို လွှမ်းမိုးဝါးမျိုရာ၌ အသုံးပြုလေ့ရှိသော အထက်မြတ်ဆုံးလက်နက်မှာ__ ယဉ်ကျေးမှု၏ အရင်းအမြစ်များဖြစ်ကြသည့် ဘာသာစကားနှင့် ဘာသာတရားတို့ကို ၀ါးမျိုလွှမ်းမိုး ဖျက်ဆီးခြင်းဖြစ်ကြောင်း တွေ့ရမည်ဖြစ်ပါသည်။
လူမျိုးပေါင်းစုံရောနှောနေထိုင်သော တိုင်းပြည်တစ်ခုတွင် “အမျိုးသားနိုင်ငံတော် ထူထောင်ရေး” လမ်းစဉ်ကို ကျင့်သုံးခြင်းသည် မဟာလူမျိုးကြီးဝါဒီများက အခြားလူမျိုးငယ်များကို “အမျိုး၊ ဘာသာ ၊ သာသနာ” တည်းဟူသော မဟာလူမျိုးကြီးဝါဒီ၏ ရေသောက်မြစ်သုံးသွယ်ဖြင့် လွှမ်းမိုးရန် ပြင်ဆင်နေခြင်းပင် ဖြစ်ပါသည်။ လူမျိုးစုံ ရောနှောနေထိုင်သော ပြည်ထောင်စုမြန်မာနိုင်ငံ တွင် “အမျိုးသားနိုင်ငံထူထောင်ရေး” လမ်းစဉ်ဖြင့် __ ပြည်ထောင်စုအတွင်းရှိ တိုင်းရင်းသားလူမျိုးများ အားလုံး မြန်မာလူမျိုးဖြစ်သွားရေး၊ မြန်မာစကးတစ်မျိုးတည်းကိုသာ နိုင်ငံတော်၏ တစ်ခုတည်းသော တရားဝင်ရုံးသုံးဘာသာစကားအဖြစ် သတ်မှတ်ပြဌာန်းရေးနှင့် ဗုဒ္စဘာသာကို နိုင်ငံတော်ဘာသာအဖြစ် ပြဌာန်းရေးအတွက် ကြိုးပမ်းချက်များသည် မဟာလူမျိုးကြီးဝါဒီများက အခြားတိုင်းရင်းသားလူမျိုးများကို လူမျိုးရေးအရ ၀ါးမျိုလွှမ်းမိုးရေး (Ethnic Cleamsing) နှင့် ယဉ်ကျေးမှု သုတ်သင်ရှင်းလင်းရေး (Cultural Genocide) များပင် ဖြစ်ပါသည်။
ဦးနု အမှားလော??
လွတ်လပ်ရေးရပြီးနောက် “ ပြည်ထောင်စုစနစ်”မှ သွေဖီ၍ တပြည်ထောင်စနစ်ဖြင့် အမျိုးသားနိုင်ငံတော် ထူထောင်ရေးလမ်းစဉ်ကို စတင် အကေင်အထည်ဖော်သူမှာ ၀န်ကြီးချုပ် ဦးနု ပင်ဖြစ်ပါသည်။
ဦးနုအနေဖြင့် __ အမျိုးသားနိုင်ငံတော် ထူထောင်ရေးလမ်းစဉ်ကို အကောင်အထည်ဖော်ရာ၌ အမျိုး၊ ဘာသာ၊ သာသနာတည်းဟူသော မဟာလူမျိုးကြီးဝါဒ၏ ရေသောက်မြစ် သုံးသွယ်ထဲမှ “သာသနာ” ကို ဦးစားပေးရွေးချယ်ခဲ့ပါသည်။ ယင်းသည် ဦးနု၏ နိုင်ငံရေး လိမ္မာပါးနပ်ခြင်းတစ်ရပ်ပင် ဖြစ်ပါသည်။ အကြောင်းမှာ ယဉ်ကျေးမှုအရ လွှမ်းမိုးရန် “သာသနာ” ကို ရွေးချယ်ခြင်းသည် မဟာလူမျိုးကြီးဝါဒ ရှုထောင့်မှ ကြည့်လျှင် အင်မတန်ထိရောက်သော နိုင်ငံရေးဗျူဟာတစ်ရပ် ဖြစ်ပါသည်။
ထို့ကြောင့် ဒုတိယကမ္ဘာစစ်ကြီး၏ စစ်ဘေးစစ်ဒဏ်ကို အပြင်းအထန်ခံစားခဲ့၍ လွတ်လပ်စ တိုင်းပြည်၏ ပြန်လည်ထူထောင်ရေးအတွက် ငွေကြေးအရင်းအနှီး အထူးလိုအပ်သော အချိန်တွင် အမေရိကန်ဒေါ်လာ ခြောက်သန်းကျော် (ယခု ငွေကြေးတန်ဖိုးနှုန်းအရ အမေရိကန်ဒေါ်လာ သန်းခြောက်ဆယ်နီးပါးနှင့် ညီမျှသည်) အကုန်အကျခံ၍ ဆဌမ သံဃာယနာ တင်ပွဲကို ၁၉၅၃ ခုနှစ်တွင် ကျင်းပပြီး ကမ္ဘာအေးစေတီတော်ကြီးကိုလည်း တည်ဆောက်ခဲ့ပေသည်။ ထိုမျှ၌ မရပ်သေး၊ ၁၉၆၁ခုနှစ်တွင် ဗုဒ္စဘာသာကို နိုင်ငံတော်ဘာသာအဖြစ် ပြည်ထောင်စုလွှတ်တော်တွင် ပြဌာန်းအတည်ပြုခဲ့ပါသည်။
ဘုရားနှင့် စေတီ (သို့) ရှေးမြန်မာမင်းများ၏ နယ်ခြားမှတ်တိုင်
ဦးနုသည် ၎င်း၏ အမျိုးသားနိုင်ငံတော် တည်ဆောက်ရေးလမ်းစဉ်ကို “သာသနာ” ဟူသော ဘောင်အတွင်း အခြေစိုက်ခဲ့သောကြောင့် သူ့လုပ်ရပ်တစ်ချို့သည် ပါလီမန် ဒီမိုကရေစီစနစ်တွင် ၀န်ကြီးချုပ်ရာထူးကို ထမ်းဆောင်ခဲ့သူတစ်ဦး၏ လုပ်ရပ်များနှင့် …
>>> (အပိုင်း ၂ ) >>>ဆက်ရန်
*မှတ် ချက်* Dr Lian H. Sakhong (B.A.,Hons, M.A , B.D, Ph.D) မှ ရေးသား တဲ့ (တိုင်းရင်းသားလူမျိုးများအရေး နှင့်စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စုစနစ်) စာအုပ် မှ ကူးယူတင်ပြခြင်းဖြစ်သည်။
No comments:
Post a Comment