by, Rawt Sa (facebook)
... မတူဘဲ ရှေးမြန်မာမင်းများ၏ လုပ်ရပ်နှင့်ပိုတူညီခဲ့ကြောင်း သမိုင်းပညာရှင်အချို့က ထောက်ပြဝေဖန်ခဲ့ကြသည်။
ရှေးမြန်မာမင်းများသည် ၄င်းတို့သိမ်းပိုက်အုပ်စိုးသော နယ်မြေတိုင်းတွင် ဘုရားတည်၍ စေတီပုထိုးများ တည်ဆောက်ခဲ့သော အစဉ်အလာရှိခဲ့ပေသည်။ ထို့ကြောင့် ဘုရားတည်ခြင်းနှင့် စေတီတော်များတည် ဆောက် ခြင်းသည် “ဗုဒ္စဘာသာ မြန်မာလူမျိုးများ” ၏ သက်ဦး ဆံပိုင် ရှင်ဘုရင်ကြီးများ အတွက် အင်မတန်အရေး ကြီး လှပေသည်။
စေတီတော်များကို တည်ဆောက်လှူဒါန်းခြင်းသည် သာမန်ဘာသာရေးကိစ္စတစ်ရပ်မျှသာ မဟုတ်ဘဲ နိုင်ငံရေးအရလည်း အရေးကြီးလှပါသည်။ စေတီတစ်ဆူကို တည်ဆောက်ကိုးကွယ်ခြင်းသည် ယုံကြည်သူတို့၏ ဖူးမျှော်ကိုးကွယ်ရာ သာသနာအဆောက်အဦးဖြစ်သည့်အပြင် ထိုစေတီတော်ကို လှူဒါန်းတည်ဆောက်ခဲ့သူ ဒကာရှင်မင်းတရားကြီး၏ အုပ်ချုပ်မှုနယ်ပယ်ကို ဖော်ညွှန်းသည့် နိုင်ငံရေးပြယုဂ် တစ်ခုလည်း ဖြစ်ပါသည်။
ဥပမာတစ်ခုအနေဖြင့်__မင်းတုန်းမင်းခေတ်က ကျင်းပခဲ့သော ပဉ္စမသံဃာယနတင်ပွဲကို ပြလိုပါသည်။ ထိုအချိန်က ရန်ကုန်မြို့အပါအ၀င် အောက်မြန်မာနိုင်ငံသည် ၁၈၅၂ အင်္ဂလိပ်မြန်မာစစ်ပွဲအရ အင်္ဂလိပ်လက်ထဲ သို့ ကျရောက်ခဲ့ပြီး ဖြစ်ပါသည်။ မင်းတုန်းမင်းကြီးသည် ပဉ္စသံဃာယနာတင်ပွဲကို မန္တလေးနေပြည်တော်ကြီးတွင် ကျင်းပခဲ့ပြီးနောက် သံဃာယနာတင်ပွဲ အောင်ပွဲအထိမ်းအမှတ်ဖြင့် ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်ကြီးတွင် ထီးတော်တင်ပွဲကြီးပါ ဆက်လက် ကျင်းပခဲ့သည်။
မင်းတုန်းမင်းအနေဖြင့် ၄င်းအုပ်ချုပ်မင်းလုပ်နေသော မန္တလေးနေပြည်တော်ကြီးတွင် သံဃာယနာတင် ပွဲ ကျင်းပခြင်းကိ ဘာသာရေးကိစ္စတစ်ရပ်ဟု ခေါ်ဆိုနိုင်မည်ဖြစ်ပါသော်လည်း ဗြိတိသျှလက်ထဲကျ ရောက်နေ သော ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်ကြီးတွင် ထီးတော်တင်ခြင်းမှာမူ သာမန်ဘာသာရေးကိစ္စတစ်ရပ် မဟုတ် တော့ပေ။ နိုင်ငံရေးအရ များစွာအဓိပါယ်ရှိပေသည်။ မင်းတုန်းမင်းကြီးက ရွှေတိဂုံစေတီတော်ကြီးတွင် ထီးတော် တင်ခြင်းအားဖြင့် အင်္ဂလိပ်လူမျိုးများ၏ အောက်မြန်မာနိုင်ငံ သိမ်းပိုက်အုပ်ချုပ်ခြင်းကို အသိအမှတ်မပြုကြောင်း အစဉ်အလာကြီးမားလှသော ဗုဒ္စဘာသ မြန်မာလူမျိုးများကို ထုံးတမ်းအစဉ်အလာအရ ပြသခဲ့ခြင်းဖြစ်ပါသည်။
ဦးနုသည် ဆဌသံဃာယနထီးတော်တင်ပွဲကို ကျင်းပသောအားဖြင့် မင်းတုန်းမင်းလက်ထက်က တည်ဆောက်ခဲ့သော ပဉ္စသံဃာယနတင်ပွဲနှင့် ဗုဒ္စဘာသာ မြန်မာလူမျိုး၏ သမိုင်းကြောင်ဆက်စပ်မှုကို ပြခဲ့ပါသည်။ ထို့အပြင် ဗြိတိသျှ ကိုလိုနီစနစ်ကြောင့် ပြတ်တောက်သွားခဲ့သော ဗုဒ္စဘာသာ မြန်မာလူမျိုးများ၏ အမျိုးသားနိုင်ငံတော်ကို လွတ်လပ်ရေးအသီးအပွင့်ကြောင့် ပြန်လည်ထူထောင်နိုင်ခဲ့ကြောင်းပြသခဲ့ခြင်းလည်း ဖြစ်ပါသည်။
လွတ်လပ်ရေး ဆုတောင်းပြည့်ဘုရား
ဗြိတိသျှ ကိုလိုနီခေတ်မတိုင်မီကာလအထိ သမိုင်းအဆက်ဆက် သီးခြားလွတ်လပ်စွာ နေထိုင်ခဲ့ကြသော ကျွန်ုပ် တို့ချင်းလူမျိုးများသည် ၁၉၄၇ခုနှစ်တွင် မိမိတို့ကိုယ်တိုင်ပါဝင် ချုပ်ဆိုခဲ့သော ပင်လုံစာချုပ်အရ ဤတိုင်းပြည်၏ ပြည်ထောင်စုအဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်လာခဲ့ခြင်းဖြစ်ပါသည်။
ဗြိတိသျှအစိုးရက ချင်းပြည်ကို မြန်မာမင်းများ၏ ပိုင်နက်နယ်မြေအဖြစ် မြန်မာမင်းများနှင့်အတူ သိမ်းပိုက် ခဲ့ ခြင်း မဟုတ်ပေ။ သီးခြားလွတ်လပ်သော လူမျိုးများအဖြစ် သီးခြားစီ သိမ်းပိုက်ခဲ့ခြင်းသာ ဖြစ်ပါသည်။ ထို့ကြောင့် သီပေါမင်းပါတော်မူပြီးနောက် မြန်မာမင်းတို့၏ ပိုင်နက်အားလုံးကို ဗြိတိသျှအစိုးရက သိမ်းပိုက်ပြီးနောက် ကျွနုပ်တို့ချင်းလူမျိုးများသည် ဆယ်စုနှစ်တစ်နှစ်ကြာမျှ မိမိတို့၏ အမျိုးသားလွတ်လပ် ရေးကို ဆက်လက် ထိန်းသိမ်းနိုင်ခဲ့ပါသည်။ဗြိတိသျှအစိုးရက သုံးကြိမ်သုံးခါတိုင်တိုင် သီးခြားစစ်ဆင်နွဲပြီးမှသာ ၁၈၉၆ခုနှစ်များတွင် ချင်းပြည်ကို ဗြိတိသျှကိုလိုနီအဖြစ် သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်ပါသည်။
ကိုလိုနီခေတ်မတိုင်ခင်ကတည်းက ချင်းပြည် ကို မည်သည့်မြန်မာမင်းမှ မသိမ်းပိုက်၊ မအုပ်ချုပ်ခဲ့ဖူးသောကြောင့် မြန်မာမင်းတို့၏ ဗုဒ္စဘာသာ အစဉ်အလာအရ စိုက်ထူထားလေ့ရှိသော နယ်ခြားမှတ်တိုင် စေတီပုထိုးများနှင့် ဘုရားတစ်ဆူမျှ ချင်းပြည်နယ်တွင် မရှိခဲ့ပေ။ ထိုအချက်ကို ဦးနုက ကောင်းစွာ သတိပြုမိဟန်တူပါသည်။ ထို့ကြောင့် လွတ်လပ်ရေးရပြီးနောက် ချင်းလူမျိုးများ ပြည်ထောင်စုအဖွဲ့ဝင်ဖြစ်လာခဲ့ပြီးနောက် ချင်းပြည်(ထိုစဉ်ကအခေါ် ချင်းဝိဒေသတိုင်း) မြို့တော်ဖလမ်းမြို့တွင် စေတီတစ်ဆူကို ပြည်ထောင်စုဘဏ္ဍာငွေထဲမှ အကုန်အကျခံ၍ ၀န်ကြီးချုပ်ဦးနုက စိုက်ထူပေးခဲ့ပါသည်။ ရှေးမြန်မာမင်းများ တစ်ကြိမ်တစ်ခါမျှ မအုပ်ချုပ် မသိမ်းပိုက်နိုင်ခဲ့သော ချင်းပြည်နယ်ကို လွတ်လပ်ရေးကျေးဇူးကြောင့် အုပ်ချုပ်သိမ်းပိုက်နိုင်ခဲ့ပြီဟု ဦနုက အောက်မေ့ဟန်တူပါသည်။ ထို့ကြောင့် စေတီတော်၏ အမည်ကို “လွတ်လပ်ရေးဆုတောင်းပြည့်ဘုရား” ဟုမှည့်ခေါ်သွားပါသည်။
ဦးနု၏ ပေါ်လစီနျင့် လုပ်ရပ်များကို လေ့လာဆန်းစစ်ကြည့်ပါက နိုင်ငံတော် ဘဏ္ဍာငွေကို အကုန်အကျခံ၍ ဆဌသံဃာယနတင်ပွဲကျင်းပခြင်းနှင့် ကမ္ဘာအေးစေတီတော်တည်ဆောက်ခြင်းတို့ကို “ဘာသာရေးသက်သက်ပါ” ဟု ဆိုနိုင်သော်ငြားလည်း ဗုဒ္စဘာသာဝင်မဟုတ်သော ချင်းလူမျိုးများ၏ မြို့တော်တွင် လွတ်လပ်ရေးဆုတောင်းပြည့်ဘုရားတည်ဆောက်ခြင်းကို ဘာသာရေးသက်သက်ဟု ခေါ်ဆိုနိုင်မည်မဟုတ်။ ယင်းသည် ချင်းလူမျိုးများ မိမိ၏ သဘောဆန္ဒအလျှောက် ပြည်ထောင်စုအဖွဲ့ဝင်ဖြစ်လာခဲ့ခြင်းကို မြန်မာနိုင်ငံရေးသမားတစ်ချို့က မျက်လှည့်ပြစော်ကားခြင်းနှင့် ပင်လုံစာချုပ်ကို သစ္စာဖောက်ခြင်းသာ ဖြစ်ပါသည်။
ချင်းလူမျိုးများအနေဖြင့် မြန်မာလူမျိုးများကို အခြားပြည်ထောင်စုအဖွဲ့ဝင် ညီနောင်တိုင်းရင်းသားလူမျိုးများ တစ်မျိုးအဖြစ်လည်းကောင်း ဗုဒ္စဘာသာကို မြင့်မြတ်သော အခြားသာသနာတော်တစ်ခုအဖြစ် အသိအမှတ်ပြုပါသော်လည်း နိုင်ငံရေးသမားတစ်ချို့က ဘာသာရေးကို နိုင်ငံရေးအတွက် အလွဲသုံးစား လုပ်၍ ချင်းလူမျိုးများအပေါ် အနိုင်ကျင့်စော်ကားခြင်းကိုမူ ချင်းသမိုင်းက နည်းနည်းမျှ သည်းခံခွင့်လွှတ်လိမ့်မည်မဟုတ်ပေ။ ထို့ကြောင့် လွတ်လပ်ရေးဆုတောင်းပြည့်ဘုရားသည် ဗုဒ္စဘာသာကို နိုင်ငံရေးအတွက် အလွဲသုံးစားလုပ်သော ဗမာနိုင်ငံရေးသမားတစ်ချို့၏ ချင်းလူမျိုးများအပေါ် အနိုင်ကျင့်စော်ကားမှုပြယုဂ်အဖြစ်လည်းကောင်း ၊ ပင်လုံစာချုပ်နှင့် ပြည်ထောင်စုအပေါ်သစ္စာဖောက်မှုသင်္ကေတ အဖြစ်လည်းကောင်း ယနေ့ချင်းပြည်တွင် ရင်နာဖွယ်ရာ ရပ်တည်နေပါတော့သည်။
ဦးနု၏ ဒီမိုကရေစီ ပြောင်းပြန်ဝါဒ
ဦးနုသည် ပါလီမန်ဒီမိုကရေစီ နေရာတွင် ၀န်ကြီးချုပ်ရာထူးကို ထမ်းဆောင်ခဲ့သူဖြစ်ပါသည်။ သို့ရာတွင် သူဝန်ကြီးချုပ်သက်တမ်းတစ်ခုလုံး၏ နိုင်ငံရေးလုပ်ဆောင်ချက်များကို လေ့လာသုံးသပ်ကြည့်ပါက သူ့လုပ်ဆောင်ချက်များသည် “အမျိုးသားနိုင်ငံတော်ထူထောင်ရေး” ဟူသော ဘောင်ကို မကျော်ခဲ့ပေ။ ထို့ကြောင့် ဒီမိုကရေစီစနစ်ကိုလည်း အပြည့်အ၀မကျင့်သုံးနိုင်ခဲ့ပေ။ “အမျိုးသားနိုင်ငံတော်တည်ထောင်ရေးလမ်းစဉ်” သည် လူမျိုးတစ်မျိုးတည်းရှိသော တိုင်းပြည်များတွင်သာ ကျင့်သုံးသော စနစ်ဖြစ်သောကြောင့် “အမျိုးသားနိုင်ငံတော် ထူထောင်ရေး” ဟူသော ဘောင်အတွင်း ဒီမိုကရေစီစနစ်ကိုကျင့်သုံးအကောင်အထည်ဖော်ပါက တစ်သီးပုဂ္ဂလအခွင့်အရေးများ (individual rights) ကိုသာ ဖော်ဆောင်နိုင်မည်ဖြစ်ပါသည်။ တိုင်းရင်းသားလူမျိုးပေါင်းစုံ ရောနှောနေထိုင်သော တိုင်းပြည်တွင် ဒီမိုကရေစီစနစ်ကို တစ်သီးပုဂ္ဂလအခွင့်အရေးတစ်ခုတည်းဖြင့်ဖော်ဆောင်ပါက ဒီမိုကရေစီစနစ်သည် လူအုပ်ကြီးဝါဒဖြစ်သွားပြီး လူများစုက လူနည်းစုကို ထင်တိုင်း အနိုင်ကျင့်စော်ကားသောစနစ် (Tyranny Majority) ဖြစ်သွားနိုင်ပါသည်။
>>> (အပိုင်း ၃ ) >>>ဆက်ရန်
*မှတ် ချက်* Dr Lian H. Sakhong (B.A.,Hons, M.A , B.D, Ph.D) မှ ရေးသား တဲ့ (တိုင်းရင်းသားလူမျိုးများအရေး နှင့်စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စုစနစ်) စာအုပ် မှ ကူးယူတင်ပြခြင်းဖြစ်သည်။
No comments:
Post a Comment