Menu

Tuesday, 15 November 2011

ကချင် အမျိုးသား ဒုတိယကမ္ဘာစစ်တွင် မဟာမိတ် ဘက်မှ ကူညီခဲ့

မြန်မာပြည် မြောက်ပိုင်းတိုင်းမှ ကချင် အမျိုးသားများသည် ဒုတိယ ကမ္ဘာစစ်တွင် မဟာမိတ်ဘက်မှ အကူအညီ ပေးခဲ့ကြောင်း အောက်တိုဘာ ၁၂ ရက် အမေရိကန် ကွန်ကရက် မှတ်တမ်း အရ အထက် လွှတ်တော်အမတ် မစ္စတာ မက်ကော်နယ်၏  တင်ပြချက်ကို ဖော်ပြထားသည်။
Mitch - Mc Connell
မစ္စတာမက်ကော်နယ် Mr. Mc Connell သည် အမေရိကန် အစိုးရ အတိုက်အခံ ရီပါဘတီကင်ပါတီ Repubiacan Party မှ Kentucky ပြည်နယ်၏ အထက် အလွှတ်တော် အမတ်နှင့် လူနည်း စုခေါင်းဆောင် Minorities leader လည်းဖြစ်သည်။ ယနေ့ ဖိနှိပ်သည့် မြန်မာ အစိုးရအား တော်လှန်နေသည့် ကချင်လူထုသည် အမေရိကန် ပြည်ထောင်စုနှင့် သမိုင်းကြောင်း အရ ဆက်နွယ်မှုရှိကြောင်း Burma Challenges ဟူသော ခေါင်းစဉ်ဖြင့် ပြောဆိုသွားသည်။ 1942 April 14 တွင် ဂျပန်တပ်များ ရန်ကုန်ကို မသိမ်းပိုက်နိုင်ခင် ၃ ပတ် အလို၌ ကချင်ရိန်းဂျားတပ် Kachin Rangers ပါဝင်သော 101 (၀မ်းအိုဝမ်း) တပ်ကို စတင်ဖွဲ့စည်းရာ ၁၉၄၅ နှစ်ဦးတွင် ကချင်တပ်သား ၁၀၀၀၀ ကျော်လာသည်။
ကချင်ရိန်းဂျားတပ်ဖွဲ့ဝင်များက ဂျပန်တပ်သား ၁၅၀၀၀ ကျော် ဖမ်းဆီး သို့မဟုတ် သတ်ဖြတ်နိုင်ခဲ့သည်။ ထို့ပြင် ဂျပန်တပ်၏ ထောက်ပို့ပစ္စည်း တန်ချိန် ၁၅၀၀၀ ကျော် ဖျက်ဆီး ပစ်နိုင်ခဲ့သည်။ ဗိုလ်ချုပ်ကြီး စတီးဝီလ် General Joseph Stilwell ၏ မြောက်ပိုင်းစစ်ဆင်ရေး Northern Combat Area Command  အတွက် ထောက်လှမ်းရေးသတင်း ၈၅%  အားမြန်မာပြည် ကချင်ရိန်းဂျားတပ်ဖွဲ့၏ အမှတ် ၁၆၄ ကချင်ရေဒီယိုတပ်ဖွဲ့က  ပေးပို့ခဲ့သည်။ ကချင်ရိန်းဂျားတပ်ကပင် ၇၅% အတွက် လမ်းညွှန်အစီရင် ခံပေးနိုင်ကာ လေယာဉ်ပျက်ကျသည့် မဟာာမိတ် လေတပ်သား ၄၂၅ ဦးကိုလည်း အသက်ကယ်ပေး နိုင်ခဲ့သည်ဟု အမေရိကန် အထက်လွှတ်တော် အစည်းအဝေး မှတ်တမ်းတွင် ရေးသားထားသည်ကို တွေ့ရသည်။
စစ်ပြီးချိန် ကချင်ရိန်းဂျားတပ် များပါဝင်သည့် Detachment 101 သည်စစ်ဦးစီးချုပ် အိုက်စင်ဟောင်ဝါ (နောင်သမ္မတ ဖြစ်လာသူ) မှ Presidential Distinguished Unit Citation ဆုချီးမြင့်ခံရသည်။
ထို့အတူ ကချင်ရိန်းဂျားတပ်ဖွဲ့ဝင်တိုင်းအားလည်း Citation for Military Assistance ဆုဖြင့် ဂုဏ်ချီးမြင့်ခဲ့သည်။ မျက်မှောက်ခေတ်တွင်လည်း လွန်ခဲ့သောနှစ် ၆၀ ကျော်ကဲ့သို့ပင် လွှတ်လပ်ရေးအတွက် ကချင်လူထု၏ ရဲစွှမ်းသတ္တိနှင့် စွမ်းဆောင်ချက်ကို ချီးမွမ်းဂုဏ်ပြုပါသည်ဟု အမေရိကန် အထက်လွှတ်တော်တွင် ဆွေးနွေးထားသည်။

သတင်း - ကချင်သတင်းဌာန (kachinnews.com)

No comments:

Post a Comment